Mikrotik Router Board တွေမှာ 3G moden တွေနဲ့ internet အသုံးပြုမယ်ဆိုရင် အရင်ဆုံးသူနဲ့ compatible ဖြစ်တဲ့ 3G moden ကိုရှာဖွေဝယ်ယူရမှာဖြစ်ပါတယ်။ပြီးတော့တန်းပြီး USB ပေါက်မှာထိုးရုံနဲ့ Internet ထွက်မှာမဟုတ်ပါဘူး။ setting အချို့ကိုတော့ configure လုပ်ပေးရမှာပါ။အရင်ဆုံး moden ကိုထိုးလိုက်ပြီ ဆိုတာနဲ့ compatible ဖြစ်တဲ့ moden ဆိုရင် PPP-Client interface ဟာ auto ပေါ်လာရမှာပါ။ မပေါ်လာဘူးဆိုရင်တော့ compitable မဖြစ်လို့ပါ။
ပြီးရင်system>resource>USB ကိုကြည့်ပါ။ ဒါဆိုရင်USB moden ရဲ့ vendorနဲ့ speed ကိုမြင်ရမှာဖြစ်ပါတယ်။
ပြီးရင်တော့ Internet ထွက်ဖို့အတွက် PPP-Client-Interface တစ်နည်းအားဖြင့် PPP outgoing interface ကို setup စပြီးလုပ်ပါမယ်။ PPP-Client-Interface ကိုနှစ်နေရာမှာမြင်နိုင်ပါတယ်။တစ်ခုက interfaces list အောက်မှာ နောက်တစ်ခု ppp list ရဲ့အောက်မှာပါ။ အဲ့နှစ်ခုလုံးကအတူတူပါပဲ။ ကျွန်တော်ကတော့ ပိုရှင်း သွားအောင် PPP list အောက်က နေ setup လုပ်ပါမယ်။ PPP interface setting မှာ General ၊ PPP ၊ Status ၊ Traffic ဆိုပြီးတော့ sub-setting လေးခုပါပါတယ်။ အရင်ဆုံး General Tab အောက်မှာ Name ၊ Type ၊ Port ၊ APN ၊PIN ဆိုတဲ့ attribute တွေကိုထည့်ပေးရမှာပါ။
Name ကတော့ကြိုက်တာပေးလို့ရတယ်။ကျွန်တော်ကတော့ပုံထဲကအတိုင်း 3G-Internet ဆိုပြီးထားလိုက်တယ်။Type ကတော့ PPP Client ပဲသွားပြောင်းလို့မရပါဘူး။ Port မှာတော့ usb1 အဲ့ဒါက moden ရဲ့ physical interface ဖြစ်ပြီး သူသည်လည်း default ကိုပဲရွှေးပေးရမှာပါ။ အဲ့နေရာမှာတစ်ခုရှိတယ်။ Port မှာ usb1 သို့ usb2 ပေါ်မနေပဲ unknown ပြနေတာမျိုးဆို compitable မဖြစ်လို့ပါ။ အဲ့တော့ကျွန်တော် တို့က mikrotik နဲ့တွဲသုံးချင်ရင် သူနဲ့compitable ဖြစ်တာကိုပဲရှာ ၀ယ်ရမယ့်သဘောပါ။ compitable ဖြစ်တဲ့ list ကိုလည်း mikrotik website မှာဖော်ပြ ထားပါတယ်။နောက် APN မှာတော့ Ooredoo သုံးထားလို့ Internet ဆိုပြီးထည့်ပါမယ်။MPT ဆိုရင်တော့ mptnet ဆိုပြီးထည့်ရမှာပါ။PIN မှာတော့ ဘာမှထည့်စရာ မလိုပါဘူး။ဒါက သက်ဆိုင်ရာ Operator တွေနဲ့လည်းဆိုင်ပါ တယ်။ပြီးရင်တော့ PPP setting ကိုသွားပါမယ်။ PPP Setting အောက်မှာ User ၊ Password ၊ Remote Address ၊ Keepalive Timeout တွေ setting တွေရှိပြီး Username နဲ့ Password မှာ ဒီတိုင်း Blank ထားပါမယ်။ ဘာလို့ဆိုကျွန်တော်တို့ mpt ဖြစ်ဖြစ် Ooredoo ဖြစ်ဖြစ် mobile phone တွေမှာ setting ချိန်ရင် username နဲ့ password ပေးစရာမလိုပါဘူး။ အဲ့ဒါကြောင့်မို့ပါ။ သို့သော်အချို့နိုင်ငံတွေက operator တွေမှာတော့ username နဲ့ password သတ်မှတ်ထားရှိတာမျိုးရှိပါတယ်။ အဲ့ဒါမျိုးဆိုရင်တော့ထည့် ပေးရပါမယ်။ Keepalive Timeout ကိုတော့ default အတိုင်း 30 ပဲထားပါမယ်။နာက်ပြီးအောက်ဖက်မှာ Dial on Demand ၊ Use Peer DNS ၊ Add Default Route ဆိုပြီး check box နဲ့ setting သုံးခုရှိပါတယ်။ Dial on Demand ကိုအမှန်ခြစ်ဖြုတ်ရပါမယ်။ မလိုလို့ပါ။ Use Peer DNS နဲ့ Add Default Route ကိုတော့ အမှန်ခြစ်ပေးရပါမယ်။ ပြီးရင်တော့ Apply>Ok ပေးလိုက်ပါ။ ဒီအချိန်ထိ interface က disable ဖြစ်နေတုန်းပါ။
ပြီးရင် PPP-Client Interface ကို Enable လုပ်ပါမယ်။
အဲ့နောက်မှာတော့ PPP-Client interface ဟာ connected ဖြစ်နေပါပြီ။တစ်နည်းအားဖြင့် Internet ရနေပါပြီ။သို့သော် ကျွန်တော်တို့ NAT setting လေးပြင်ဖို့ကျန်နေပါသေးတယ်။
ပုံမှန်အားဖြင့် NAT မှာ out-going interface ကို Ethernet ပဲ default ထားတာပါ။cable internet ပေါ့။သို့သော် ကျွန်တော်တို့က 3G ကနေ internet ထွက်မှာပါ။ဒါကြောင့် default setting ဖြစ်တဲ့ cable internet နေရာမှာ 3G interface ကိုပြောင်းပေးရပါမယ်။ အဲ့အတွက် IP>Firewall>NAT ကိုသွားပါမယ်။NAT ကနေ General မှာ Chain:srcnat နဲ့ Out.Interface မှာ PPP-Client-Interface ကိုရွေးပေးလိုက်ပါ။ဒါဆို Internet ထွက်သွားပါပြီ။
အားလုံးပြီးလို့သေချာသွားအောင် Connection Test လုပ်ထားပုံလေးကိုကြည့်ပါ။Internet Speed ကတော့ သက်ဆိုင်ရာ Operator နဲ့ Location ပေါ်မှာမူတည်ပါတယ်။နောက်ပြီးသုံးတဲ့ Moden အမျိုးစားနဲ့လည်းဆိုင် ပါတယ်။
Additional Reference အနေနဲ့လေ့လာချင်ရင်တော့ 3G modem support for Mikrotik အတွက် ဒီနေရာ ရယ် ၊ 3G modem setup for mikrotik အတွက် ဒီနေရာ က youtube channel မှာ လေ့လာနိုင်ပါတယ်။
လေးစားစွာဖြင့်
Win Tun Hlaing
No comments:
Post a Comment