Sunday, November 6, 2011

Telnet Tutorial

      Telnet ဆိုတာကတော့ TCP/IP Protocol Suite  ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပြီး   OSI Model ရဲ့ Application    Layer မှာအလုပ်လုပ်ပါတယ်။သူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့ Remote Network Devices တွကို ထိန်းချုပ်ဖို့ဖြစ်ပါ တယ်။Remote Network Devices  ဆိုတဲ့နေရာမှာ Router, IP Camera, Web Server ,Remote Computer စသည်ဖြင့်ပါဝင်နိုင်ပါတယ်။ အဲ့ဒါတွေအကုန်လုံး ကို Telnet ကနေတစ်ဆင့် ထိန်းချုပ်လို့ရပါတယ်။နောက် ပီး Telnet က port 23 နဲ့အလုပ်လုပ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့က Telnet ကိုအသုံးပြုမယ်ဆိုရင် Port 23 ကိုဖွင့်ပေးထားရမှာဖြစ်ပါတယ်။ Telnet အသုံးပြုပီး Window ရဲ့ Workgroup Network ပေါ်မှာ computer တစ်လုံးနဲ့တစ်လုံးကို ဘယ်လို control လုပ်မလဲ၊အဲ့လို control လုပ်လို့ရစေ ရန်မည်သို့ configuration ချမလဲ စသည့်အကြောင်းရာများကိုအောက်မှာ တစ်ဆင့်ချင်းဖော်ပြပေးပါ့မယ်။
        Window ပေါ်မှာ Telnet ကိုဖွင့်မယ်ဆိုရင်ပထမဆုံးက Telnet Service ကိုအရင်ဆုံး Install လုပ်ပေးရမှာပါ။ အဲ့နေရာမှာ Window XP နဲ့ Window7 ကမတူတော့ပါဖူး။အဲ့တော့ Window7 ကိုအရင် Configuration ချ ကြည့်တာပေါ့။ပထမဆုံး start>run ကနေတစ်ဆင့် appwiz.cpl လို့ရိုက်ပီး Add or Remove Program ကို သွားရပါမယ်။အဲ့ဒီကနေ  Turn Windows features on or off ဆိုတာကိုသွားရပါမယ်။အောက်ကပုံလေးတွေ ကိုကြည့်ပါ။


Turn Windows Features on or off ဆိုတဲ့နေရာမှာ Telnet Server နဲ့ Telnet Client ကို select လုပ်ပီး ok  ပေးရမှာဖြစ်ပါတယ်။အဲ့ဒါဆိုရင် Telnet ကို Install လုပ်လို့ပီးသွားပါပီအောက်ကပုံလေးကိုကြည့်ပါ။

Telnet ကို Install လုပ်ပီးသွားပေမယ့်ကျွန်တော်တို့အသုံးပြုနိုင်ခြင်းမရှိသေးပါ။ဘာလို့လဲဆိုတော့ Telnet နဲ့ ဆိုင်တဲ့ အခြား services တွေကိုထပ်ပီးဖွင့်ပေးရအုံးမှာဖြစ်ပါတယ်။နောက်တစ်ဆင့်အနေနဲ့ Start>Run က 
နေ lusrmgr.msc ကိုသွားပါမယ်။Local Users and Groups မှာ Group ထဲကိုဝင်ပီး Telnet အတွက် User ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။အောက်ကပုံလေးကိုကြည့်ပါ။အောက်ကပုံမှာဆိုရင် host name  ACER-PC မှာ Acer ဆိုတဲ့ User Account နဲ့သုံးနေတာမို့ ပုံမှာပြထားတဲ့အတိုင်းပဲရွေးလိုက်ပါမယ်။


ပြီးရင်တော့ Start>Run ကနေ services.msc ကိုသွားပီး Telnet services ကိုဖွင့်ပေးရမှာဖြစ်ပါတယ်။ Telnet က default အားဖြင့် Desible ဖြစ်ပါတယ်။ဒါကိုကျွန်တော်တို့က Automatic ထားပီးဖွင့်ပေးရမှာပါ။
အောက်ကပုံလေးကိုကြည့်ပါ။Telnet service ကို enable မလုပ်ရသေးတဲ့ပုံပါ။

အပေါ်ကပုံကတော့ Telnet ကို Automatic ထားပီးဖွင့်ပေးလိုက်တာပဲဖြစ်ပါတယ်။ပီးသွားရင် start လုပ်ပေး ရပါမယ်။အပေါ်ကဆင့်တွေအကုန်ပြီးရင်တာ့ Telnet ကိုစတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ဒီနေရာမှာ WindwoXP နဲ့ Window7 မတူတာက windowXP က Telnet ကို default အားဖြင့် install လုပ်ထားပေးပီး သားပါ။window7 မှာလို install ထပ်ပီးလုပ်စရာမလိုပါ။services.msc မှာ Telnet ကိုဖွင့်ပေးလိုက်တာနဲ့သုံး လို့ရပါပီ။ဒါဆိုရင် Telnet ကိုအသုံးချကြည့်တာပေါ့။start>run ကနေ cmd ကိုအရင်ဆုံးသွားရပါမယ်။ပီးရင် Telnet ဆိုပီးရိုက်ကြည့်လိုက်ပါ။Telnet ထဲဝင်သွားရင်တော့ လက်ရှိသုံးနေတဲ့ host ကနေ telnet enableဖြစ် တဲ့မည်သည့် host ကိုမဆို ချိတ်ဆက်လို့ရပါပီ။အဲ့နေရာမှာ ကိုယ်ချိတ်ဆက်မယ့် host ရဲ့ Username နဲ့ Password ကိုတော့သိထားရမှာဖြစ်ပါတယ်။Telnet ကိုအသုံးပြုပီးလက်တွေ့လုပ်ဆောင်ပုံကိုတော့နောက် ထပ် post တစ်ခုအနေနဲ့ထပ်တင်ပေးပါ့မယ်။Post ရှည်သွားမှာဆိုးလို့ပါ။

လေးစားစွာဖြင့်
Win Tun Hlaing





3 comments:

  1. ကျေးဇူးပါပဲ ဘယ်လိုလုပ်လို့ရတယ် ဘာတွေလုပ်ပေးနိုင်တယ်ဆိုတာကိုလည်း နည်းနည်းလေးဖော်ပြပေးရင် ပိုကောင်းမယ်ဗျ.. သူနဲ့ VNC တို့ Team Viewer တို့နဲ့ ဘာကွာလဲဆိုတာကို အကိုသိရင်ပြောပြပေးပါဥိးဗျာ VNC ကလည်း Telnet services ကိုယူသုံးတယ်လို့ကြားဘူးပါတယ် :-)

    ReplyDelete
  2. ကို ဝင်းထွန်းလှိုင် ဒီ Blog က အစ်ကို့ Blog လား။ ကျေးဇူးတင်ပါတယ်။ မသိသေးတဲ့သူတွေအတွက် အလွန်အသုံးဝင်ပါတယ်။ ကျွန်တော်တို့လည်း ထပ်ခါ ပြန်လည်မှတ်မိစေပါတယ်။ လွယ်လွယ်လေးပေမယ့် မသိတဲ့သူက မသိပါဘူး။ ကျွန်တော်ဒီ Blog ကို ခဏခဏဝင်ကြည့်ပါ့မယ်။ ကျေးဇူးပဲ။

    ReplyDelete
  3. Blackjack | Casino | Jtmhub
    Join us in Blackjack, 오산 출장안마 Slots, 상주 출장마사지 Poker and Table Games at JTG Birmingham, with 광양 출장샵 over 문경 출장안마 40 table games including Blackjack, Craps, 경상남도 출장안마 and Live Blackjack games.

    ReplyDelete