Telnet Configuration ချပုံကိုကျွန်တော် ပထမ Post မှာရေးပြီးသွားပါပြီ။အခု Telnet ကိုဘယ်လိုသုံးမလဲ၊ဘယ်လို အသုံးဝင်လဲဆိုတာကိုအောက်မှာတစ်ဆင့်ချင်းပြပေးပါ့မယ်။Start>Run>cmd မှာ telnet ဆိုပီးရိုက်ကြည့်လိုက်ပါ။
အောက်ကပုံအတိုင်းပေါ်လာရင်တော့ Telnet ကိုသုံးလို့ရပါပြီ။
Telnet က Terminal ပေါ်မှာအခြေခံတာကြောင့် Terminal လွယ်လွယ်ပြောရင်တော့ command prompt ပေါ့ အဲ့မှာ လုပ်လို့ရတာတော်တော်များများကို Telnet ကနေတစ်ဆင့်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။Telnet ကနေချိတ်ဆက်ရာ မှာကိုယ်ချိတ်ဆက်ချင်တဲ့ Remote Devices ရဲ့ host name ကိုသုံးပီးတော့ဖြစ်စေ၊IP နဲ့ပဲဖြစ်စေချိတ်ဆက်နိုင်ပါ တယ်။အောက်ကပုံကိုကြည့်ပါ။remote device တစ်ခုခုကိုချိတ်ဆက်ချင်တယ်ဆို ရင် o ဆိုတာလေးကိုသုံးပါမယ်။သုညမဟုတ်ပါ။English Latter အိုဖြစ်ပါတယ်။သူ့ရဲ့အဓိပါယ်ကတော့ connect ပါ။ပီးရင် (to) ရဲ့နောက်ကနေကိုယ်ချိတ်ဆက်ချင်တဲ့ device ရဲ့ host name သို့ IP ကိုအသုံးပြုနိုင်ပါတယ်။
ပေါ်ကပုံကတော့ ကတော့ Login Username နဲ့ Password တောင်းနေတာပဲဖြစ်ပါတယ်။Username နဲ့
Password မှန်သွားတာနဲ့ အောက်ကပုံအတိုင်း Remote host ထဲကိုဝင်သွားပီဖြစ်ပါတယ်။
အဲ့နေရာမှာ တစ်ပြိုင်နက်တည်းမှာ telnet ကိုသုံးပီး တစ်ခုထက်မကတဲ့ remote devices တွေကို ထိန်းချုပ်နိုင် ပါတယ်။အောက်ကပုံလေးကိုကြည့်ပါ။
Telnet နဲ့ဝင်ထားတာတော့ဟုတ်ပါပြီ။ဘယ်လိုအသုံးဝင်မှာလဲ။အပေါ်မှာရေးခဲ့တဲ့အတိုင်းပါပဲ။Terminal မှာလုပ် လို့ရတာတော်တော်များများကို Telnet ကနေဆောင်ရွက်နိုင်ပါတယ်။IP setting တွေ၊Disk Drive အခြေနေ၊ system information တွေစတာတွေကို Telnet ကနေတစ်ဆင့်ကြည့်ရှုနိုင်ပါတယ်။အောက်ကပုံလေးကိုကြည့်
ပါ။
ဒါ့အပြင် telnet နဲ့ထိန်းချုပ်ထားတဲ့ Remote Computer မှာ User တွေဘာတွေသုံးနေလဲ tasklist command သုံး
ပြီးကြည့်နိုင်ပါတယ်။လိုအပ်ရင်တော့ taskkell ဆိုတာလေးကိုသုံးပြီး process ကို Terminate လုပ်နိုင်ပါ တယ်။အဲ့ဒါလေးကိုတော့မလုပ်ပြတော့ပါဖူး။အဆဲခံရမှာစိုးလို့ပါ :)။နောက်ပီး remote machine ရဲ့ IP Address တို့၊Network Setting တို့ Firewall Setting တို့ကိုလည်း Telnet ကနေတစ်ဆင့်ပြင်လို့ရပါတယ်။နောက်ဆုံး Remote Machine ကိုတောင် Telnet မှတစ်ဆင့် အောက်မှာပြထားတဲ့ပုံလေးအတိုင်း shutdown ချနိုင် ပါကြောင်း....။:)
အခုချိန်မှာ IT နဲ့ပတ်သတ်ရင် စိန်ခေါ်မှုကသိပ်များနေပါတယ်။စိန်ခေါ်မှုဆိုတဲ့နေရာမှာအလုပ်ကိုင်အခွင့် လမ်းနဲ့သင်ယူလေ့လာရန်အရင်းနှီးစသည်ဖြင့်ပါဝင်ပါတယ်။Gtalk မှာ Chatting ရိုက်တာနဲ့ Facebook မှာ Photo လေးတွေကြည့်တာလောက်ကိုပဲ Internet သုံးတယ်လို့သတ်မှတ်နေရတဲ့ ကျွန်တော်တို့အခြေနေမှာ junior ညီငယ်ညီမငယ်လေးတွေနဲ့ အခြားNetwork ကိုစိတ်ဝင်စားသောသူများအတွက်အထောက်အကူပြု
နိုင်ရန် Self-study ပြုလုပ်ပြီး ရေးသားပေးလိုက်ပါတယ်။စာလုံးပေါင်းမှားတာမျိုးရှိရင်ခွင့်လွတ်သီးခံပေးပါ။
လေးစားစွာဖြင့်
Win Tun Hlaing
Congratulation!Bro.Great!
ReplyDelete